လ - ဒီဇင်ဘာ 2016

မိုင် ၄၀၀ အကွာမှ မြင်ကွင်း

အာကာသယာဉ်မှူး Charles Frank Bolden Jr. က ‘‘ကျွန်တော်အာကာသထဲ ပထမဦးဆုံးအကြိမ် ရောက်သွားချိန်မှာ ကမ္ဘာမြေကြီးကို ကြည့်တဲ့အမြင်တွေဟာ ချက်ခြင်းပြောင်းလဲသွားတယ်’’ ဟုပြောပါသည်။ ကမ္ဘာမြေကြီး၏အထက် မိုင် ၄၀၀ အပေါ်စီးမှ ကြည့်ရခြင်းသည် သူ့အတွက် အရာအားလုံးသည် ငြိမ်သက်ခြင်း အတိရှိပြီး လှပလွန်းသည်။ အရှေ့အလယ်ပိုင်းဒေသကို ဖြတ်သန်း သွားသောအခါ Bolden သည် ထိုဒေသ၌ ပဋိပက္ခများ အဆက်မပြတ် ဖြစ်ပွားနေကြောင်း တွေးမိပြီး လှုပ်နှိုးခံရ
သကဲ့သို့ အသိတရားဝင်လာကာ တုန်လှုပ်သွားခဲ့ရသည်။ ရုပ်ရှင်ထုတ်လုပ်သူ Jared Leto နှင့် အင်တာဗျူးလုပ်နေ စဉ်အတွင်း Bolden က ထိုခဏတာ အချိန်လေး အကြောင်း ပြောပြရင်း ကမ္ဘာကြီးက မည်သို့ဖြစ်သင့်သည်ကို သူသိမြင် နားလည်လာကြောင်း၊ ကမ္ဘာကြီးကို ပိုပြီးကောင်းမွန် လာအောင်  သူတတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်ရန် စိန်ခေါ်မှုကြီးကို…